Opened
By The Kingdom Tribe (TKT).
Built by Paruto.
v2.2.0
Skip to content
Opened
en
Today
Ask
Read
Journey
More
Amos
Amos
5
MYAJVB
BSB
A
a
Amos 5
5
Amos
Messages to Israel
Judson Burmese Bible
Israel
, person
Joseph
, person
Bethel
, place
Damascus
, place
Gilgal
, place
Beersheba
, place
Judson Burmese Bible
Berean Standard Bible
1
MYAJVB
အိုဣသရေလ အမျိုး ၊ ယခုသင် တို့၌ ငါ မြွက်ဆို ၍ မြည်တမ်း သောစကား ကို နားထောင် ကြလော့။
BSB
BSB:
Hear this word, O house of Israel, this lamentation I take up against you:
2
MYAJVB
ဣသရေလ သတို့သမီး ကညာသည်လဲ ပြီ။ နောက် တဖန်မ ထ ရ။ မိမိ မြေ ပေါ်မှာ တုံးလုံး နေ၏။ ချီကြွ သောသူမ ရှိ။
BSB
BSB:
“Fallen is Virgin Israel, never to rise again. She lies abandoned on her land, with no one to raise her up.”
3
MYAJVB
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ၏ အမှုကိုထမ်းစေဘို့ လူတထောင်ကိုပေး နိုင်သောမြို့သည် လူတရာ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ် ကိုသာပေး နိုင်လိမ့်မည်။
BSB
BSB:
This is what the Lord GOD says: “The city that marches out a thousand strong will have but a hundred left, and the one that marches out a hundred strong will have but ten left in the house of Israel.”
4
MYAJVB
ထာဝရဘုရား သည် ဣသရေလ အမျိုး အား မိန့် တော်မူသည်ကား ၊ ငါ့ ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။
BSB
BSB:
For this is what the LORD says to the house of Israel: “Seek Me and live!
5
MYAJVB
ဗေသလ မြို့ကို မ ရှာ ကြနှင့်။ ဂိလဂါလ မြို့သို့မ ဝင် ကြနှင့်။ ဗေရရှေဘ မြို့သို့ မ သွား ကြနှင့်။ အကြောင်း မူကား၊ ဂိလဂါလ မြို့သည် ဆက်ဆက်သိမ်းသွား ခြင်းကိုခံရလိမ့်မည်။ ဗေသလ မြို့သည်လည်း ၊ အကျိုးနည်း ရှိ ရလိမ့်မည်။
BSB
BSB:
Do not seek Bethel or go to Gilgal; do not journey to Beersheba, for Gilgal will surely go into exile, and Bethel will come to nothing.
6
MYAJVB
ထာဝရဘုရား ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။ သို့မဟုတ် လျှင်၊ ယောသပ် အမျိုး အပေါ်မှာ မီး ကဲ့သို့ တက်၍၊ အဘယ်သူမျှမ ငြိမ်း နိုင်အောင် ဣသရေလအမျိုးကို လောင် စေတော်မူမည်။
BSB
BSB:
Seek the LORD and live, or He will sweep like fire through the house of Joseph; it will devour everything, with no one at Bethel to extinguish it.
7
MYAJVB
တရား သဖြင့် စီရင်ခြင်းကို ဒေါန ဖြစ် စေ၍ ဖြောင့်မတ် ခြင်းတရားကို မြေ သို့ ချ ကြပြီးသောသူတို့ ၊
BSB
BSB:
There are those who turn justice into wormwood and cast righteousness to the ground.
8
MYAJVB
ခိမ ကြယ်စုနှင့် ခသိလ ကြယ်ကို ဖန်ဆင်း ထသော၊ သေမင်း အရိပ်ကို နံနက် အလင်း ဖြစ် စေခြင်းငှါ ၎င်း ၊ နေ့ အလင်းကို ညဉ့် အမိုက် ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ် ရေ ကိုခေါ် ၍ မြေ ပေါ် မှာသွန်းလောင်း ထသော၊ ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိထသော၊
BSB
BSB:
He who made the Pleiades and Orion, who turns darkness into dawn and darkens day into night, who summons the waters of the sea and pours them over the face of the earth—the LORD is His name—
9
MYAJVB
ခွန်အား ကြီးသောသူတို့ကို၎င်း၊ ရဲတိုက် တို့ကို ၎င်းဖျက်ဆီး တော်မူသောဘုရားကို ရှာကြလော့။
BSB
BSB:
He flashes destruction on the strong, so that fury comes upon the stronghold.
10
MYAJVB
မြို့တံခါး ဝတွင် ဆုံးမ တတ်သောသူကို မုန်း ၍ ဖြောင့်မတ် စွာပြော တတ်သောသူကို ရွံ့ရှာ ကြပြီတကား။
BSB
BSB:
There are those who hate the one who reproves in the gate and despise him who speaks with integrity.
11
MYAJVB
သင် တို့သည် ဆင်းရဲသား ကိုနှိပ်စက် ၍ ဂျုံစပါး ကို တောင်းခံ တတ်သောကြောင့် ၊ ဆစ် သောကျောက်နှင့် တိုက် ကိုတည် သော်လည်း ထို တိုက်၌ မ နေ ရကြ။ နှစ်သက် ဘွယ်သော စပျစ် ဥယျာဉ်ကိုစိုက် သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရကြ။
BSB
BSB:
Therefore, because you trample on the poor and exact from him a tax of grain, you will never live in the stone houses you have built; you will never drink the wine from the lush vineyards you have planted.
12
MYAJVB
သင် တို့အထပ်ထပ် လွန်ကျူးသော ဒုစရိုက် ၊ အလွန် လေးသော အပြစ် တို့ကို ငါသိ ၏။ ဖြောင့်မတ် သောသူကို နှောင့်ရှက် တတ်ကြ၏။ တံစိုး စား တတ်ကြ၏။ ဆင်းရဲသား ကို တံခါးဝ တွင် မ တရားသဖြင့် စီရင်တတ် ကြ၏။
BSB
BSB:
For I know that your transgressions are many and your sins are numerous. You oppress the righteous by taking bribes; you deprive the poor of justice in the gate.
13
MYAJVB
ထိုသို့ သောကာလ သည် ဆိုးယုတ် သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိ သောသူသည် တိတ်ဆိတ် စွာ နေလိမ့်မည်။
BSB
BSB:
Therefore, the prudent keep silent in such times, for the days are evil.
14
MYAJVB
အသက် ချမ်းသာစေခြင်းငှါ ဒုစရိုက် ကိုရှောင် ၍ သုစရိုက် ကို ရှာ ကြလော့။ ထိုသို့ ပြုလျှင်၊ သင်တို့ဆို တတ် သည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။
BSB
BSB:
Seek good, not evil, so that you may live. And the LORD, the God of Hosts, will be with you, as you have claimed.
15
MYAJVB
ဒုစရိုက် ကို မုန်း ၍ သုစရိုက် ကို ချစ် ကြလော့။ မြို့တံခါးဝ တွင် တရား ကို တည် စေကြလော့။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် ကျန်ကြွင်း သောယောသပ် အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည်။
BSB
BSB:
Hate evil and love good; establish justice in the gate. Perhaps the LORD, the God of Hosts, will be gracious to the remnant of Joseph.”
16
MYAJVB
ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ခပ်သိမ်း သောလမ်း တို့၌ မြည်တမ်း ခြင်းရှိ၍ သွား လာသောသူတို့က၊ အလိုလေး ၊ အလိုလေး ဟု ဆို ကြလိမ့်မည်။ လယ်လုပ် သောသူသည် ညည်းတွား စေ ခြင်းငှါ၎င်း ၊ မြည်တမ်း တတ်သောသူသည် ငိုကြွေး မြည်တမ်းစေ ခြင်းငှါ၎င်း ခေါ် ကြလိမ့်မည်။
BSB
BSB:
Therefore this is what the LORD, the God of Hosts, the Lord, says: “There will be wailing in all the public squares and cries of ‘Alas! Alas!’ in all the streets. The farmer will be summoned to mourn, and the mourners to wail.
17
MYAJVB
ခပ်သိမ်း သောစပျစ် ဥယျာဉ်တို့၌ လည်း မြည်တမ်း ခြင်းရှိလိမ့်မည်။ အကြောင်း မူကား၊ ငါသည် သင် တို့အလယ် ၌ ရှောက်သွား မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
BSB
BSB:
There will be wailing in all the vineyards, for I will pass through your midst,” says the LORD.
18
MYAJVB
ထာဝရဘုရား ၏နေ့ရက် ကို တောင့်တ သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား ၏ နေ့ရက် သည် သင် တို့၌ လင်း သည်မ ဟုတ်၊ အမိုက် ဖြစ်လိမ့်မည်။
BSB
BSB:
Woe to you who long for the Day of the LORD! What will the Day of the LORD be for you? It will be darkness and not light.
19
MYAJVB
လူ သည် ခြင်္သေ့ ရှိ ရာမှပြေး ၍ ဝံ ကိုတွေ့ သကဲ့သို့ ၎င်း ၊ အိမ် ထဲသို့ ဝင် ၍ ထရံ ကို မှီ စဉ် မြွေ ကိုက် သကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
BSB
BSB:
It will be like a man who flees from a lion, only to encounter a bear, or who enters his house and rests his hand against the wall, only to be bitten by a snake.
20
MYAJVB
ထာဝရဘုရား ၏ နေ့ရက် သည်မ လင်း ဘဲ မိုက် လိမ့်မည်။ ထွန်းလင်း ခြင်း အလျှင်း မရှိ၊ အမိုက် သက်သက် ဖြစ်လိမ့်မည်။
BSB
BSB:
Will not the Day of the LORD be darkness and not light, even gloom with no brightness in it?
21
MYAJVB
သင် တို့စောင့်သောပွဲ နေ့တို့ကို ငါမုန်း ၏။ စက်ဆုပ် ရွံရှာ၏။ ခြိုးခြံ စွာကျင့်သော နေ့ရက်တို့၌ ငါမ မွေ့လျော် ။
BSB
BSB:
“I hate, I despise your feasts! I cannot stand the stench of your solemn assemblies.
22
MYAJVB
မီး ရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာတို့ကို ဆက်ကပ် သော်လည်း ငါ လက်မ ခံ။ ဆူဝ သော တိရစ္ဆာန် တို့ကို မိဿဟာယ ယဇ်ပူဇော်သော်လည်း ငါသည် ပမာဏ မ ပြု။
BSB
BSB:
Even though you offer Me burnt offerings and grain offerings, I will not accept them; for your peace offerings of fattened cattle I will have no regard.
23
MYAJVB
သင် တို့သီချင်း ဆိုသံ ကို ပယ်ရှား ကြလော့။ တယော ထိုးသံ ကို ငါ နားငြီးလှ၏။
BSB
BSB:
Take away from Me the noise of your songs! I will not listen to the music of your harps.
24
MYAJVB
တရား သဖြင့် စီရင်ခြင်းကို ရေ ကဲ့သို့ ၎င်း ၊ ဖြောင့်မတ် ခြင်းကို မ ပြတ်စီးသော မြစ် ရေကဲ့သို့ ၎င်း စီး စေ ကြလော့။
BSB
BSB:
But let justice roll on like a river, and righteousness like an ever-flowing stream.
25
MYAJVB
အိုဣသရေလ အမျိုး ၊ သင်တို့သည် ယဇ် နှင့် ပူဇော် သက္ကာများကို တော ၌ အနှစ် လေးဆယ် ပတ်လုံးငါ့ အား ပူဇော် ကြသလော။
BSB
BSB:
Did you bring Me sacrifices and offerings forty years in the wilderness, O house of Israel?
26
MYAJVB
သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသောကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။
BSB
BSB:
You have taken along Sakkuth your king and Kaiwan your star god, the idols you made for yourselves.
27
MYAJVB
ထိုကြောင့် ၊ သင် တို့ကို ဒမာသက် မြို့တဘက် သို့ သိမ်း သွားစေ ခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ဟူ၍ဘွဲ့ နာမရှိသော ထာဝရဘုရား မိန့် တော်မူ၏။
BSB
BSB:
Therefore I will send you into exile beyond Damascus,” says the LORD, whose name is the God of Hosts.
Chapter complete
You’ve read Amos 5
Chapter 5 of 9 in Amos
Up next
Amos 6
Read Amos 6
Back to Amos 4
Go deeper
Commentary
What the commentators say on Amos 5
Ask Study Help
Ask anything about Amos 5
MYAJVB
Judson Burmese Bible. Public domain. Text from eBible.org.
BSB
The Holy Bible, Berean Standard Bible, BSB. Dedicated to the public domain. BereanBible.com
Amos 4
Amos 5
Amos 6